Popular Posts

Friday 22 March 2019

X-men ရုပ္ရွင္ေတြထဲက Wolverine သို့မဟုတ္ Logan မင္းသားရဲ့ ေနာက္ဆံုးဇာတ္ကား လာပါျပီ။ ဒီကားဟာ IMDb 8.5 ထိရရွိထားတဲ့ စူပါဟီးရိုးရုပ္ရွင္ပါ။ ပထမဆံုး Hugh Jackman ရဲ့ R-rated x-men ရုပ္ရွင္လည္း ျဖစ္ပါတယ္။ဇာတ္လမ္းအက်ဉ္းနည္းနည္း ေျပာျပပါ့မယ္။ ၂၀၂၉ ခုနွစ္ကာလ၊ mutant ဆိုတာ မ်ိုးတုန္းသြားျပီလို့ လူေတြ ယံုျကည္လာျကတဲ့ ကာလ၊ ဘယ္သူမွ သူတို့ကို စကားထဲထည့္မေျပာျကေတာ့တဲ့ကာလ။ Logan ဟာ အသက္ျကီးရင့္ေနပါျပီ၊ ျပႆနာအားလံုးနဲ့ ေဝးေအာင္ေနျပီး အသက္ရွင္ေနထိုင္ဖို့အတြက္ပဲ ရုန္းကန္ေနရတဲ့သူ၊ ေသမယ့္ေန့ကို ျမန္ျမန္ေရာက္ခ်င္ေနတဲ့သူတစ္ေယာက္ပါ။ စြမ္းအားေတြကို မထိန္းသိမ္းနိုင္ေတာ့တဲ့၊ အသက္အရြယ္အလြန္အိုမင္းေနျပီ ေနာင္တေတြနဲ့ ျပည့္ေနတဲ့ ပေရာ္ဖက္ဆာ X ကိုလည္း Logan ကပဲ ေစာင့္ေရွာက္ထားရပါတယ္။ ဒီလိုနဲ့ သူတို့ဘဝထဲကို ငယ္ရြယ္တဲ့ ကေလးမေလး ေလာ္ရာဟာ ျပႆနာေတြသယ္ယူျပီး ေရာက္ရွိလာခဲ့တဲ့ အခါ…ေလာ္ရာရဲ့ စြမ္းအားေတြဟာ Logan နဲ့ ထပ္တူက်ေနျပီး သူ့ေနာက္ကိုမွာလည္း သူ့ကို ျပန္လည္ဖမ္းဆီးဖို့ တပ္ဖြဲ့ျကီးတစ္ခုလိုက္လာတဲ့အခါ…Old Man Logan တစ္ေယာက္ သူ့ရဲ့ေနာက္ဆံုးလက္က်န္ ဒဏ္ရာျပန္ေကာင္းနိုင္စြမ္းေလးနဲ့ တိုက္ခိုက္နိုင္စြမ္းေတြကို အစြမ္းကုန္သံုးျပီး mutant မ်ိုးဆက္သစ္ေလးကို ကာကြယ္ဖို့ ျကိုးစားရပါေတာ့တယ္။

X-men ရုပ်ရှင်တွေထဲက Wolverine သို့မဟုတ် Logan မင်းသားရဲ့ နောက်ဆုံးဇာတ်ကား လာပါပြီ။ ဒီကားဟာ IMDb 8.5 ထိရရှိထားတဲ့ စူပါဟီးရိုးရုပ်ရှင်ပါ။ ပထမဆုံး Hugh Jackman ရဲ့ R-rated x-men ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းနည်းနည်း ပြောပြပါ့မယ်။ ၂၀၂၉ ခုနှစ်ကာလ၊ mutant ဆိုတာ မျိုးတုန်းသွားပြီလို့ လူတွေ ယုံကြည်လာကြတဲ့ ကာလ၊ ဘယ်သူမှ သူတို့ကို စကားထဲထည့်မပြောကြတော့တဲ့ကာလ။ Logan ဟာ အသက်ကြီးရင့်နေပါပြီ၊ ပြဿနာအားလုံးနဲ့ ဝေးအောင်နေပြီး အသက်ရှင်နေထိုင်ဖို့အတွက်ပဲ ရုန်းကန်နေရတဲ့သူ၊ သေမယ့်နေ့ကို မြန်မြန်ရောက်ချင်နေတဲ့သူတစ်ယောက်ပါ။ စွမ်းအားတွေကို မထိန်းသိမ်းနိုင်တော့တဲ့၊ အသက်အရွယ်အလွန်အိုမင်းနေပြီ နောင်တတွေနဲ့ ပြည့်နေတဲ့ ပရော်ဖက်ဆာ X ကိုလည်း Logan ကပဲ စောင့်ရှောက်ထားရပါတယ်။ ဒီလိုနဲ့ သူတို့ဘဝထဲကို ငယ်ရွယ်တဲ့ ကလေးမလေး လော်ရာဟာ ပြဿနာတွေသယ်ယူပြီး ရောက်ရှိလာခဲ့တဲ့ အခါ…လော်ရာရဲ့ စွမ်းအားတွေဟာ Logan နဲ့ ထပ်တူကျနေပြီး သူ့နောက်ကိုမှာလည်း သူ့ကို ပြန်လည်ဖမ်းဆီးဖို့ တပ်ဖွဲ့ကြီးတစ်ခုလိုက်လာတဲ့အခါ…Old Man Logan တစ်ယောက် သူ့ရဲ့နောက်ဆုံးလက်ကျန် ဒဏ်ရာပြန်ကောင်းနိုင်စွမ်းလေးနဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို အစွမ်းကုန်သုံးပြီး mutant မျိုးဆက်သစ်လေးကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။

No comments:

Post a Comment