Popular Posts

Friday 22 March 2019

Udta Punjab 2016


IMdb 8.0/10 ရထားတဲ့ အိန္ဒိယ အလန်းဇာတ်ကားတကားကို ဘောလိဝုဒ် ပရိတ်သတ်ကြီး
အတွက်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကား က ပန်ဂျပ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်မှုတွေ
အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး ယခုနှစ် ဂျွန်လ ၁၇ ရက်နေ့မှာ ထွက်ရှိထားတာဖြစ်ပါတယ်
ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်းဘောလိဝုဒ် ပရိတ်သတ်ကြီးနဲ့မစိမ်းတာမို့ မိတ်မဆက်ပေးတော့ပါဘူး
ဒီဇာတ်ကားဟာ ကုန်ကျစရိတ် ၅.၉ သန်းကုန်ကျခဲ့ပြီး ၁၅သန်းထိအောင် ၀င်ငွေရရှိကာ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားတကားဆိုလည်းမမှားပါဘူး
ဇာတ်လမ်း အကျဉ်းလေးကတော့ တော်မီဆင်းလို့ သိကြတဲ့ ရှာဟစ်ကူးပါး ဟာ လန်ဒန်ဖွား ပန်ချာပီတယောက်ဖြစ်ပြီး အော်မြင်တဲ့ အဆိုတော်တယောက်ပါ တနေ့မှာ
သူဟာ ဆေးသမား တာယာဂျီနဲ့ ဆုံတွေ့မိပြီး ဆေးစသုံးခဲ့မိပါတယ်
ဘာဟာရီ သူကတော့ စိုက်ခင်းကအလုပ်သမလေးဖြစ်ပြီးသူ့အိမ်မက်ကတော့
နိုင်ငံတော်အဆင့်ထိရွေးချယ်ခံထားရတဲ့ လက်ရွေးစင်
ဟောကီကစားသမားတယောက်ဖြစ်ဖို့ပါ
တနေ့မှာသူဟာ စိုက်ခင်းထဲမှာ အထုပ်တထုပ်ကိုတွေ့ပြီးဖွင့်ကြည့်ခဲ့မိပြီး ကံဆိုးမိုးမှောင်ကျ ပြီးဘယ်လိုတွေများဆက်ဖြစ်မလဲ
ပရီရှာနီ သူကတော့ ဆရာဝန်တတယောက် သူ့အဓိကအလုပ်က ဆေးဖြတ်တဲ့ဆေးရုံမှာ
အလုပ်လုပ်တာပါ သူ့သူငယ်ချင်း ဆာတာဆင်းဂ်ျ ကတော့ ဆေးမှောင်ခိုမှုတွေနဲ့ ပတ်သတ်ပြီး
နာမည်ကြီးတဲ့ ရဲတယောက်ပါ တနေ့မှာတော့ သူဟာ သူ့အစ်ကိုက ဒေသထွက် ဆေးတမျိုးဖြစ်တဲ့ ချန်တ လို့ခေါ်တဲ့ ဆေးတမျိုးကို
အလွန်အကျွံသုံးစွဲမိပြီး ဆေးလွန်နေချိန်မှာ ပရီရဲ့ ဆေးရုံကိုခေါ်လာပြီး သူတို့၂ဦးဆုံတွေ့ခဲ့မိပါတယ်
ဒီလိုနဲ့ ပရီက ပန်ဂျပ်ဒေသ နဲ့ ပတ်သတ်ပြီး မူးယစ်ဆေးမှောင်ခို ရီပို့တစ်ခုတင်လိုက်ရာမှာတော့
ပန်ဂျပ် မာဖီးယားတွေနဲ့ ဘယ်လိုတွေများ ဆက်လက်ကြုံတွေ့ကြမလဲ
ဘာဟာ၇ီနဲ့ တော်မီ ကိုကော ကယ်တင်နိုင်ပါ့မလားဆိုတာတွေကို
ဒီ ပန်ဂျပ်မာဖီးယား ဇာတ်ကားကြီးမှာဆက်လက်ဒေါင်းယူကြည့်ရှူကြပါအုံးဗျာ


No comments:

Post a Comment