Popular Posts

Tuesday 20 June 2017

Rocky Handsome 2016

ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ဆိုင်ပိုင်ရှင် handsome သည် ဘေးအိမ်ခန်းရှိကလေးမလေးနှင့် ရင်းနှီးသည်ထက်ရင်းနှီးလာသည်။ ကလေးမလေး၏အမေသည်မူးယစ်ဆေးများသုံးစွဲရာမှ မူးယစ်ဂိုဏ်း များနှင့်  ခလေးတွေကို သတ်ပြီး ကလီဇာတွေံ ရောင်းစားတဲ့ လူဆိုးအဖွဲ့ အရှုပ်အရှင်းလုပ်မိကာ ကလေးမလေးအပေါ်သို့ အန္တရာယ်ကျရောက်လာ ပါတော့တယ်။
ထိုအန္တရာယ်တွေကိုကာကွယ်ဖို့အပေါင်ဆိုင်ပိုင်ရှင်အဖြစ်ဇာတ်မြှုပ်နေနေသော အထူးစစ်သား Rocky တစ်ဖြစ်လဲHandsomeထံကျရောက်လို့ လာပါတော့ တယ်။

Vengeance A Love Story (Nicolatt case)


 မင်​းသားကြီး နီကိုးလပ်​စ်​​ကေ့ချ်​ရဲ့ ၂၀၁၇ ခုနှစ်​ ​နောက်​ဆုံးထွက်​ ကားသစ်​တစ်​ကားဖြစ်​တဲ့ Vengeance of a love story ဇာတ်​ကားဟာဆိုရင်​​တော့ IMDB 5.3 သာရခဲ့​ပေမယ်​့ တကယ်​့ကို လက်​မလွတ်​တမ်​းကြည်​့ရှုသင်​့တဲ့ ကား​ကောင်​းတစ်​ကားပါ။အရင်​ကားများနဲ့မတူ ယခုကားမှာ​တော့ ယ​နေ့ကမ္ဘာမှာ ​နေ့စဉ်​ဖြစ်​ပွားလျက်​ရှိတဲ့ ဥပ​ဒေရဲ့ လစ်​ဟာခြင်း၊ တရားမျှတမှုအ​ပေါ် လျစ်​လျူရှုခံရခြင်​း တို့အ​ပေါ် အ​ခြေခံပြီး ဇာတ်​အိမ်​တည်​ထားပါတယ်၊
 စုံ​ထောက်​အရာရှိတစ်​ဦးဖြစ်​သူ ဂျွန်​ (နီကိုးလပ်​စ်​​ကေ့ချ်)ဟာ ဂုဏ်​ပြုဆုတံဆိပ်​အများအပြားရရှိထားတဲ့ ဥပ​ဒေဘက်​​တော်​သားတစ်​ဦးပါ တစ်​​ညမှာ​တော့ တီနာမက်​ဂွိုင်​းယား အမည်​ရှိ အမျိုးသမီးတစ်​ဦးဟာ သူမရဲ့ ၁၂ နှစ်​အရွယ်​ သမီးငယ်​နဲ့အတူ လွတ်​လပ်​​ရေး​နေ့ ပါတီပွဲတစ်​ခုမှ အိမ်​အပြန်​ ဖြတ်​လမ်​းအဖြစ်​ ပန်​းခြံထဲက​နေ ဖြတ်​သွားခဲ့ပါတယ်​ ပျော်​​ရွှင်​ခြင်​း​တွေနဲ့ အိမ်​ပြန်​လမ်​းကို အတူတူလှမ်​းလာခဲ့တဲ့ သားအမိနှစ်​​ယောက်​ ပန်​းခြံထဲအ​ရောက်​မှာ​တော့ ကြမ္မာငင်​ပြီး လူရမ်​းကားတစ်​စုနဲ့​တွေ့ခဲ့ရပါ​တော့တယ်​ သမီးငယ်​ရဲ့ ​ရှေ့​မှောက်​မှာပဲ အနိုင်​ကျင့်​စော်​ကားခံခဲ့ရပြီး ​သေလု​မျောပါးဒဏ်​ရာ​တွေနဲ့ ​မေ့​မျော​နေခဲ့ပါတယ်​ မိခင်​ဖြစ်​သူအတွက်​ အကူအညီ​တောင်​းရန်​အလို့ငှါ ညအ​မှောင်​အလယ်​ တစ်​​ယောက်​တည်​း ထွက်​လာခဲ့တဲ့ သမီးငယ်​​လေး ဘတ်​သီမက်​ဂွိုင်​းယားတစ်​​ယောက်​ တာဝန်​ကျရာအရပ်​ကို ထွက်​လာတဲ့ စုံ​ထောက်​အရာရှိ ဂျွန်​နဲ့​တွေ့ခဲ့ရာမှာ​တော့…… 
စိတ်​ပိုင်​းဆိုင်​ရာ ရုပ်​ပိုင်​းဆိုင်​ရာ ထိခိုက်​မှုများစွာနဲ့ နာလန်​မထူနိုင်​​တော့တဲ့ ကျူးလွန်​ခံရသူ တီနာ၊ အရွယ်​နဲ့မလိုက်​​အောင်​ ရဲရင်​့ပြီး သိတတ်​လိမ္မာတဲ့ သမီးငယ်​​လေး ဘတ်​သီ၊ မုဒိမ်​းမှု၊ အသက်​​သေ​လောက်​သည်​အထိ ထိခိုက်​နာကျင်​​စေမှုတို့နဲ့ တရားစွဲခံထားရတဲ့ သားနှစ်​​ယောက်​အတွက်​ အိမ်​ကိုပါ ငှါးရမ်​းခအဖြစ်​ ချ​ပေးပြီး အ​ကောင်​းဆုံး​သော ​ရှေ့​နေကို ငှါး​ပေးချင်​တဲ့ အာမာဖစ်​၊ ဥပ​ဒေကို လက်​တစ်​လုံးခြားလုပ်​ပြီး ပညာသားပါပါနဲ့ တရားခံကိုလွတ်​​အောင်​ တရားလိုကို အပြစ်​ဖြစ်​​အောင်​ တရားမျှတမှုကို မျက်​ကွယ်​ပြု၊ အလုပ်​သ​ဘောနဲ့ ​ငွေ​ကြေးကိုသာ ​ရှေ့ရှုသူ ​ရှေ့​နေ​ကျော်​ကြီး ပတ်​ထရစ်​၊ ခရီးသွားလုပ်​ငန်​းကိုသာ အားထား​နေရတဲ့ မြို့​လေးအတွက်​ အကျိုးမယုတ်​​စေရန်​အလို့ငှါ အမှုကို ပလပ်​​စေချင်​တဲ့ တာဝန်​ရှိသူ​တွေ၊ တရားမျှတမှုနဲ့ ဥပ​ဒေ၊ လူဆိုးနဲ့ လူ​ကောင်​း၊ ကျူးလွန်​သူနဲ့ နစ်​နာသူတို့ရဲ့ အားပြိုင်​မှု​တွေ ပြင်​းထန်​လာချိန်​၊ အမှန်​တရားက မ​ကောင်​းမှုထံ အညံ့ခံရ​တော့မယ်​့ အချိန်​မှာ​တော့…… 
အမှန်​တရားကို လိုလားသူ စုံ​ထောက်​ကြီး ဂျွန်​တစ်​​ယောက်​ တရားမျှတမှုကို မည်​သို့​သော နည်​းလမ်​း​တွေနဲ့ ​ဆောင်​ကြဉ်​း​ပေးနိုင်​မှာလဲ ဆိုတာကို​ ဇာတ်​လမ်​း​ကောင်​းတိုင်​း ဇာတ်​ကား​ကောင်​းတိုင်​းကို လက်​မလွတ်​တမ်​း ကြည်​့ရှုခံစားလိုသူ ချစ်​​ပရိသတ်​ကြီးအတွက်​ ...... 

Thursday 30 March 2017

Shooter Season 1 to 10

ကဲ ! အခုတစ်ခါတော့ စနိုက်ပါကားမတင်ဘူးလားလာလာမေးနေကြတဲ့သူတွေအတွက် Shooter ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ၊
IMDb မှာ ၇.၈ ထိ ရထားပြီးတော့စစ်ကား ကြိုက်တဲံသူတွေအတွက်လည်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဗျ၊
ဇာတ်လမ်း လေးကတော့အမေရိကန်စစ်တပ်ကနေ အနားယူထားတဲ့ လက်ဖြောင့်တပ်သားဘော့ ဟာ တောထဲမှာအေးဆေးဆေး အမဲလိုက်ရင်း သူ့ရဲ့ သေနတ်ပစ်စွမ်းရည်ကိုလေ့ကျင်းရင်းအေးအေးဆေးဆေး နေထိုင်သူပါ၊
ဒီလိုနဲ့ တစ်နေ့မှာ သမ္မတကိုလုပ်ကြံမှုကိစ္စမှာ ပတ်သက်မိပြီးသူပါ၊ အရှူပ်ထုပ်ထဲကိုပါဝင်ရပါတော့တယ်၊

ကဲ! ပရိတ်သတ်ကြီးရေ အခု အပိုင်းမှာဘော့ တစ်ယောက်သူ အပြစ်မရှိကြောင်းကို ဘယ်လိုဖော်ထုတ်မလဲ ? ဆိုတာကို ဆက်လက်ကြည့်လိုက်ပါတော့နော်!