မင်းသားကြီး နီကိုးလပ်စ်ကေ့ချ်ရဲ့ ၂၀၁၇ ခုနှစ် နောက်ဆုံးထွက် ကားသစ်တစ်ကားဖြစ်တဲ့ Vengeance of a love story ဇာတ်ကားဟာဆိုရင်တော့ IMDB 5.3 သာရခဲ့ပေမယ့် တကယ့်ကို လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားကောင်းတစ်ကားပါ။အရင်ကားများနဲ့မတူ ယခုကားမှာတော့ ယနေ့ကမ္ဘာမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိတဲ့ ဥပဒေရဲ့ လစ်ဟာခြင်း၊ တရားမျှတမှုအပေါ် လျစ်လျူရှုခံရခြင်း တို့အပေါ် အခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်၊
စုံထောက်အရာရှိတစ်ဦးဖြစ်သူ ဂျွန် (နီကိုးလပ်စ်ကေ့ချ်)ဟာ ဂုဏ်ပြုဆုတံဆိပ်အများအပြားရရှိထားတဲ့ ဥပဒေဘက်တော်သားတစ်ဦးပါ တစ်ညမှာတော့ တီနာမက်ဂွိုင်းယား အမည်ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၁၂ နှစ်အရွယ် သမီးငယ်နဲ့အတူ လွတ်လပ်ရေးနေ့ ပါတီပွဲတစ်ခုမှ အိမ်အပြန် ဖြတ်လမ်းအဖြစ် ပန်းခြံထဲကနေ ဖြတ်သွားခဲ့ပါတယ် ပျော်ရွှင်ခြင်းတွေနဲ့ အိမ်ပြန်လမ်းကို အတူတူလှမ်းလာခဲ့တဲ့ သားအမိနှစ်ယောက် ပန်းခြံထဲအရောက်မှာတော့ ကြမ္မာငင်ပြီး လူရမ်းကားတစ်စုနဲ့တွေ့ခဲ့ရပါတော့တယ် သမီးငယ်ရဲ့ ရှေ့မှောက်မှာပဲ အနိုင်ကျင့်စော်ကားခံခဲ့ရပြီး သေလုမျောပါးဒဏ်ရာတွေနဲ့ မေ့မျောနေခဲ့ပါတယ် မိခင်ဖြစ်သူအတွက် အကူအညီတောင်းရန်အလို့ငှါ ညအမှောင်အလယ် တစ်ယောက်တည်း ထွက်လာခဲ့တဲ့ သမီးငယ်လေး ဘတ်သီမက်ဂွိုင်းယားတစ်ယောက် တာဝန်ကျရာအရပ်ကို ထွက်လာတဲ့ စုံထောက်အရာရှိ ဂျွန်နဲ့တွေ့ခဲ့ရာမှာတော့……
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာနဲ့ နာလန်မထူနိုင်တော့တဲ့ ကျူးလွန်ခံရသူ တီနာ၊ အရွယ်နဲ့မလိုက်အောင် ရဲရင့်ပြီး သိတတ်လိမ္မာတဲ့ သမီးငယ်လေး ဘတ်သီ၊ မုဒိမ်းမှု၊ အသက်သေလောက်သည်အထိ ထိခိုက်နာကျင်စေမှုတို့နဲ့ တရားစွဲခံထားရတဲ့ သားနှစ်ယောက်အတွက် အိမ်ကိုပါ ငှါးရမ်းခအဖြစ် ချပေးပြီး အကောင်းဆုံးသော ရှေ့နေကို ငှါးပေးချင်တဲ့ အာမာဖစ်၊ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ပညာသားပါပါနဲ့ တရားခံကိုလွတ်အောင် တရားလိုကို အပြစ်ဖြစ်အောင် တရားမျှတမှုကို မျက်ကွယ်ပြု၊ အလုပ်သဘောနဲ့ ငွေကြေးကိုသာ ရှေ့ရှုသူ ရှေ့နေကျော်ကြီး ပတ်ထရစ်၊ ခရီးသွားလုပ်ငန်းကိုသာ အားထားနေရတဲ့ မြို့လေးအတွက် အကျိုးမယုတ်စေရန်အလို့ငှါ အမှုကို ပလပ်စေချင်တဲ့ တာဝန်ရှိသူတွေ၊ တရားမျှတမှုနဲ့ ဥပဒေ၊ လူဆိုးနဲ့ လူကောင်း၊ ကျူးလွန်သူနဲ့ နစ်နာသူတို့ရဲ့ အားပြိုင်မှုတွေ ပြင်းထန်လာချိန်၊ အမှန်တရားက မကောင်းမှုထံ အညံ့ခံရတော့မယ့် အချိန်မှာတော့……
အမှန်တရားကို လိုလားသူ စုံထောက်ကြီး ဂျွန်တစ်ယောက် တရားမျှတမှုကို မည်သို့သော နည်းလမ်းတွေနဲ့ ဆောင်ကြဉ်းပေးနိုင်မှာလဲ ဆိုတာကို ဇာတ်လမ်းကောင်းတိုင်း ဇာတ်ကားကောင်းတိုင်းကို လက်မလွတ်တမ်း ကြည့်ရှုခံစားလိုသူ ချစ်ပရိသတ်ကြီးအတွက် ......
No comments:
Post a Comment